4
ညီအစ်ကို/မောင်နှမတို့… သင်တို့/ကို ကျွန်ုပ် အလွန်/ချစ်/၍ လွမ်းဆွတ်/သတိရပါ၏။ သင်တို့/ကြောင့် ကျွန်ုပ်/ဝမ်းမြောက်ရ/ပြီး သင်တို့/သည် ကျွန်ုပ်/ရရှိသော ဆုသရဖူ ဖြစ်ပါ၏။ ချစ်ရသော/သူတို့… ကျွန်ုပ်/ပြောဆိုခဲ့သည့်/အတိုင်း သခင်ဘုရား/အား သစ္စာရှိ/လျက် ခိုင်မြဲ/စွာ ရပ်တည်ကြလော့။အားပေး/တိုက်တွန်းခြင်း
2 ဧဝေါဒိ/နှင့် သုန္တုတ်/တို့… သင်တို့/သည် သခင်ဘုရား/၏ တပည့်တော်မများ ဖြစ်/သောကြောင့် တစ်စိတ်တစ်ဝမ်းတည်း/ရှိကြ/ရန် ကျွန်ုပ်/တိုက်တွန်းနှိုးဆော်ပါ၏။ 3 ကျွန်ုပ်/၏ စစ်မှန်သော/လုပ်ဖော်ကိုင်ဖက်… ဤ/အမျိုးသမီး/နှစ်ဦး သင့်မြတ်/ရန် ကူညီပါလော့ ဟု သင့်/ကို ကျွန်ုပ် တောင်းဆိုပါ၏။ သူတို့/သည် အသက်/စာစောင်/တွင် အမည်/ပါရှိသော ကလေမင်/မှစ၍ အခြား/လုပ်ဖော်ကိုင်ဖက်များ/နှင့်တကွ သတင်းကောင်း/ကို ဟောပြော/ရာတွင် ကျွန်ုပ်/နှင့်အတူ လက်တွဲ/ကြိုးပမ်းခဲ့ကြသူများ ဖြစ်၏။
4 သင်တို့/အတွက် သခင်ဘုရား ပြုတော်မူသော/အမှု/ကြောင့် အစဉ်အမြဲ ဝမ်းမြောက်ကြလော့။ ကျွန်ုပ် ထပ်မံ/၍ ပြောမည်။ ဝမ်းမြောက်ကြလော့။ 5 သင်တို့/၏ ထောက်ထား/ညှာတာသော သဘောထား/ကို လူ/အပေါင်းတို့/အား သိစေကြလော့။ သခင်ဘုရား ကြွလာမည့်/အချိန် နီးပြီ။ 6 မည်သည့်/အမှု/ကိုမျှ မစိုးရိမ်ဘဲ အခြေအနေ/တိုင်း/၌ ကျေးဇူးတော်/ကို ချီးမွမ်း/၍ ဆုတောင်းခြင်း၊ အသနားခံခြင်းတို့/ဖြင့် သင်တို့ လိုအပ်သော/အရာများ/ကို ဘုရားသခင်/ထံ တောင်းလျှောက်ကြလော့။ 7 ထိုသို့/ပြုလျှင် လူတို့/နားလည်နိုင်စွမ်း/ထက် ကျော်လွန်သော ဘုရားသခင်/၏ ငြိမ်းချမ်းခြင်း/က သင်တို့/သည် ယေရှု/ခရစ်တော်/နှင့် တပေါင်းတစည်းတည်း/ဖြစ်သောကြောင့် သင်တို့/၏ စိတ်နှလုံး/နှင့် အကြံအစည်တို့/ကို ကာကွယ်/စောင့်ရှောက်တော်မူ/လိမ့်မည်။
8 ထို့ပြင် ညီအစ်ကို/မောင်နှမတို့… မှန်ကန်သော/အရာ၊ ဂုဏ်သရေ/ရှိသော/အရာ၊ ဖြောင့်မတ်သော/အရာ၊ ဖြူစင်သော/အရာ၊ နှစ်သက်ဖွယ်သော/အရာ၊ ကောင်းမြတ်/၍ ချီးမွမ်းဖွယ်/ဖြစ်သည့် နှစ်လိုဖွယ်/ကောင်းသော/အရာ ဟူသမျှတို့/ကို နှလုံးသွင်းကြလော့။ 9 ကျွန်ုပ်/ထံမှ သင်တို့ သင်ယူ/၍ ကြားနာ/သိမြင်ခဲ့သော/အရာတို့/ကို ကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်းချမ်းခြင်း/အရှင် ဘုရားသခင်/သည် သင်တို့/နှင့်အတူ ရှိတော်မူ/လိမ့်မည်။
လှူဒါန်းခြင်း/အတွက် ကျေးဇူးတင်ခြင်း
10 သင်တို့/သည် ကျွန်ုပ်/အတွက် ယခု/ထပ်မံ/၍ ငဲ့ညှာ/စဉ်းစားပေး/သောကြောင့် သခင်ဘုရား/နှင့် တပေါင်းတစည်းတည်း ဖြစ်သော ကျွန်ုပ်/သည် အလွန်/ဝမ်းမြောက်၏။ အမှန်/တွင်မူ သင်တို့/သည် ကျွန်ုပ်/အတွက် ငဲ့ညှာ/စဉ်းစားပေး/သော်လည်း ပြသ/ရန် အခွင့်/မသာခဲ့ကြ။ 11 ကျွန်ုပ်/သည် ဆင်းရဲနွမ်းပါး/သောကြောင့် ဤသို့/ပြောရသည် မဟုတ်။ မည်သည့်/အခြေအနေ/မျိုး/တွင်/ဖြစ်စေ တင်းတိမ်/ရောင့်ရဲတတ်/ရန် ကျွန်ုပ်/သင်ယူခဲ့ပြီ ဖြစ်၏။ 12 ဆင်းရဲနွမ်းပါးခြင်း/ကို ကျွန်ုပ်/သိ၏။ ချမ်းသာ/ကြွယ်ဝခြင်း/ကိုလည်း ကျွန်ုပ်/သိ၏။ ဝလင်/စွာ စားရသည်/ဖြစ်စေ၊ ဆာလောင်/မွတ်သိပ်သည်/ဖြစ်စေ၊ ချမ်းသာ/ကြွယ်ဝသည်/ဖြစ်စေ၊ ငတ်မွတ်/ခေါင်းပါးသည်/ဖြစ်စေ အခြေအနေ/တိုင်း/နှင့် အရာရာ/တိုင်း/၌ တင်းတိမ်/ရောင့်ရဲတတ်သော သော့ချက်/ကို ကျွန်ုပ်/သင်ယူထားပြီ ဖြစ်၏။ 13 ကျွန်ုပ်/ကို ခွန်အား/ပေးတော်မူသော ခရစ်တော်/အားဖြင့် ထို/အခြေအနေ/အားလုံး/ကို ကျွန်ုပ်/ရင်ဆိုင်/နိုင်၏။ 14 သို့သော်လည်း ကျွန်ုပ်/ဆင်းရဲဒုက္ခ/ကြုံ/သောအခါ သင်တို့/ပါဝင်/ကူညီခြင်း/သည် အလွန်/ကောင်းသည့် လုပ်ဆောင်ချက်/ဖြစ်၏။
15 ထို့ပြင် ဖိလိပ္ပိ/မြို့သူမြို့သားတို့… သတင်းကောင်း/ကို သင်တို့ စတင်/ကြားသိ/ချိန်၊ မာကေဒေါနိပြည်/မှ ကျွန်ုပ်/ထွက်လာသော/အချိန်/၌ သင်တို့/သာလျှင် ငွေကြေး/လှူဒါန်းခြင်း/ဖြင့် ပါဝင်/ကူညီခဲ့ကြ၏။ အခြား/မည်သည့် အသင်းတော်/က/မျှ မလှူဒါန်းခဲ့ကြောင်း သင်တို့/သိကြ၏။ 16 သက်သာလောနိတ်မြို့/၌ ကျွန်ုပ်/ရှိစဉ်/ပင်လျှင် သင်တို့/သည် ကျွန်ုပ်/လိုအပ်နေသော/အကူအညီ/ကို တစ်ကြိမ်/မက၊ နှစ်ကြိမ်/တိုင်အောင် ပေးပို့ခဲ့ကြ၏။ 17 ဤသို့/ပြောခြင်း/သည် သင်တို့/ထံမှ နောက်ထပ်/အလှူ/ကို ရလို/၍ မဟုတ်။ သင်တို့/၏ ရက်ရောမှု/အတွက်/ကြောင့် အသီးအပွင့်/ကို သင်တို့ ပို/၍ ရရှိခံစား/စေလို/သောကြောင့် ဖြစ်၏။
18 ယခု/အခါ ကျွန်ုပ်/၌ လိုအပ်သော/အရာများ/အားလုံး/ကို လက်ခံရရှိ/၍ ကြွယ်ဝ/လျက် ရှိပြီ။ သင်တို့ ရက်ရော/စွာ ပေးလိုက်သော/အရာတို့/ကို ဧပဖြောဒိတ်/ထံမှ လက်ခံရရှိ/၍ ပြည့်စုံ/လျက် ရှိ၏။ ထို/အရာတို့/သည် မွှေးကြိုင်သော/ပူဇော်စရာ၊ ဘုရားသခင် လက်ခံ/နှစ်သက်တော်မူသော/ယဇ် ဖြစ်ကြ၏။ 19 ကျွန်ုပ်/၏ ဘုရားသခင်/သည် မိမိ/၏ ဘုန်းကြီးသော/ကြွယ်ဝမှု/အတိုင်း ယေရှု/ခရစ်တော် ပြုတော်မူသော/အမှု/ကြောင့် သင်တို့/လိုအပ်/သမျှသော/အရာတို့/ကို သင်တို့/အား ဖြည့်ဆည်း/ပေးတော်မူ/လိမ့်မည်။
20 ကျွန်ုပ်တို့/၏ အဖ/ဘုရားသခင်/သည် အစဉ်/ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။
နိဂုံးချုပ်/စကား
21 ယေရှု/ခရစ်တော်/နှင့် တပေါင်းတစည်းတည်း/ဖြစ်ကြသော ယုံကြည်သူတို့a/ကို နှုတ်ဆက်ပေးကြလော့။ ကျွန်ုပ်/နှင့် အတူ/ရှိသော ညီအစ်ကိုတို့/ကလည်း သင်တို့/ကို နှုတ်ဆက်လိုက်ပါ၏။ 22 ဤ/နေရာ/၌ ရှိသော ယုံကြည်သူများ၊ အထူး/သဖြင့် ဆီဇာဘုရင်/၏ နန်းတော်/၌ ရှိသော/သူတို့/က သင်တို့/ကို နှုတ်ဆက်လိုက်ပါ၏။
23 သခင်/ယေရှု/ခရစ်တော်/၏ ကျေးဇူးတော်/ကို သင်တို့b/ခံစားရပါစေသော။ အာမင်။
ဖိလိပ္ပိ/ဩဝါဒစာ ပြီးပါပြီ။